Friday, January 29, 2016
“မင်္ဂလာအပေါင်း​နဲ့ပြည့်စုံကြပါစေ
“မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ”
လူ့ဘ၀မဟုတ်သည့်ရပ်ပြစ်ရှစ်ပါး -၄-ပါး
 ၁။ ငရဲဘုံရောက်နေချိန် 
 ၂။ တိရစှ္ဆှာန်ဘုံ ရောက်နေချိန် 
 ၃။ ပြိတ္တာဘုံ ရောက်နေချိန်
 ၄။ ကာလရှည်ကြာစွာ ဗုဒ္ဓသာသနာအခွင့်အရေး ပိတ်နေရှာသော အသညသတ်၊အရူပဗြဟ္မာ့ဘုံရောက်နေချိန် 
 လူ့ဘ၀ ရရှိနေစေကာမူ အခွင့်ကောင်းမရရှာသည့်ရပ်ပြစ်-၄-ပါး 
၁။ ဗုဒ္ဓသာသနာမရှိသည့် နေရာဒေသ ရောက်နေချိန်၊ 
၂။ မိစ္ဆာဒိဋ္ဌိ အယူဝါဒ ယုံကြည်ကိုးကွယ်နေချိန်၊ 
၃။ ခွဲခြားသိမြင်နိုင်သည့် အသိညာဏ် ကင်းမဲ့သော အဆွံ့ အအ ဘ၀ရောက်နေချိန်၊ 
၎။ မြတ်ဗုဒ္ဓ ပွင့်ပေါ်ချိန်ျမဟုတ်သည့် သာသနပ-ကာလမှာဖြစ်နေချိန်။ 
မိမိရောက်ရှိနေတဲ့အခြေအနေကိုတန်ဘိုးအရှိဆုံးဖြစ်အောင်အသုံးချနိုင်ပါစေေ
                                                 မတ္တာမွန်ဖြင့် ​၃၀.၁.၂၀၁၆
Thursday, January 28, 2016
ဗောဇ္ဈင်္ဂသုတ်
၁။ သံသာရေ သံသရန္တာနံ၊
သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊
မာရ သေနာပမဒ္ဒနေ။
၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊
တိဘ၀ါ မုတ္တ ကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊
အမတံ နိဗ္ဘယံ ဂတာ။
၃။ ဧ၀မာဒိဂုဏူပေတံ၊
အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊
ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊
ဓမ္မာနံ ၀ိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊
ဗောဇ္ဈင်္ဂါ စ တထာ ပရေ။
၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊
သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊
ဘာဝိတာ ဗဟုလီကတာ။
၆။ သံဝတ္တန္တိ အဘိညာယ၊
နိဗ္ဗာနယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၇။ ဧကသ္မိံ သမယေ နာထော၊
မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊
ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၈။ တေ စ တံ အဘိနန္ဒိတွာ၊
ရောဂါ မုစ္စိံ သု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၉။ ဧကဒါ ဓမ္မရာဇာပိ၊
ဂေလညေနာဘ ဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊
ဘဏာပေတွာန သာဒရံ။
၁၀။ သမ္မောဒိတွာန အာဗာဓာ၊
တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၁။ ပဟီနာ တေ စ အာဗာဓာ၊
တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊
ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။
ကြည့်နှုန်း= 187
ဘလော့အမျိုးအစား(ပရိတ်ကြီး)
Wednesday, January 27, 2016
Facebook_Messenger_V55.0.0.5.69.APK ~ ဘလော့ခရီးသည်မှမျှဝေပါသည်
Facebook_Messenger_V55.0.0.5.69.APK ~ ဘလော့ခရီးသည်
ဗဟုသုတ
ဗဟုသုတအလို့ငှါ
ရှေးယခင်က ခေါ်တွင်သတ်မှတ်ခဲ့ကြသော“မြို့၊နိဂုံး၊ရွာ”တို့ကိုခွဲခြားမှတ်သားသင့်ပါတယ်။
“မြို့ဆိုတာ မြို့လုံခြုံရေးအတွက်  ပတ်ရံကာထားတဲ့ တံတိုင်း(မြို့ရိုး)၊ဈေးအစရှိသဖြင့်ပါဝင်ပါတယ်၊
“နိဂုံး၊နိဂမ၊နိဂုမ်”ဆိုတာကတော့ ဈေးသာရှိပြီး တံတိုင်း၊မြို့ရိုးကာရံထားခြင်းမရှိတာကိုခေါ်ပါတယ်။
Tuesday, January 26, 2016
မိမိမှန်ပြီးမှန်မှန်သိပါစေ
မင်္ဂလာပါ
 <textarea cols="20" name="code" rows="3" style="background: none repeat scroll 0% 0% rgb(218, 255, 191); border: 2px dashed rgb(41, 95, 0); color: #295f00; line-height: 1.5em; padding: 5px;">
မင်္ဂလာဆိုတဲ့စကားဟာကြားရသူ​ရော​ပြောတဲ့သူ​ရေယစိတ်​ချမ်း​မြေ့မှု့ကိးဆခါ်​ဆောင်​လာပါတယ်​</textarea>
Monday, January 25, 2016
အ​မေ{သို့}ဘဝအတွက်​လမ်းပြကြယ်
“အ​မေ(သို့)ဘဝခရီးရဲ့လမ်းပြကြယ်​”
--.-.-.--.-.-.--.-.-.-.-.--.-.-.-.-.-.-.-
မျှော်​လင့်ချက်​နဲ့အသက်​ရှင်​ကြတယ်​ဆို​ပေမယ့်
မဖြစ်​နိုင်​တဲအရာတခုကို​မျှော်​လင့်​​နေရင်​​တော့မိုက်​မဲရာကျ​တော့မ​ပေါ့..
  နှလုံးသားအလိုကိုအသိနဲ့ချွန်းအုပ်
တုန်​လှုပ်​မှုဆိုတာ​ဘေးချိပ်​ တိတ်​တိတ်​ကလေး​နေ​ပေမယ်​.
   လူတကာ​တွေနှုတ်​ဖျား
"အ​မေများ​နေ့"ဆိုလားပဲ
သားအတွက်​​တော့
"စက္ကန့်​တိုင်းဟာအ​မေ့အတွက်​ပါပဲ"အ​မေ..
အ​မေ​ပြောခဲ့တဲ့စကား ..သားအတွက်​ခွန်​အားပါအ​မေ..
   "လူဆိုတာအမြဲတန်းတက်​ကြွဖျတ်​လက်​​နေရမယ်​"
   "မတတ်​နိုင်​ဘူး မလုပ်​နိုင်​ဘူး"ဆိုတာာ
လူဖျင်းလူံ့​တွေရဲ့အလုပ်​တဲ့”
   ကျွန်​​တော်​အ​မေ့စကားနားထဲအကြား
ခွန်​အားအပြည့်​နဲ့ကုန်းအထ
လုံးဝမရဘူးအ​မေ..
ခွင့်​လွှတ်​​ပေးပါအ​မေ..
  ကျွန်​​တော်​​ခေါင်းကမူး​နောက်​..
         အာ​ခေါင်​က​ခြောက်​..
ရေတစ်​​ပေါက်​​လောက်​တိုက်​ပါအ​မေ..
ရေအိုးကိုလှမ်းကြည့်​..ခိုင်းစရာလူမရှိဘူးအ​မေ
"ဟင်း"သက်​ပျင်းကိုအသာချ..
ဟော...သတိရပြန်​ပြီ..​လေ
အ​မေစကား..
"သက်​ပျင်းချတယ်​ဆိုတာ.​ယောက်ျား​ကောင်း​​တွေရဲ့အလုပ်​မဟုတ်​ဘူး"တဲ့
စိတ်​ချပါအ​မေ..
အချိန်​နဲ့အမျှ ကြိုးစားလုပ်​နေတဲ့​ကောင်းမှုမှန်​သမျှ အ​မေနဲ့အားလုံးအတွက်​ရည်​စူး​ပေ​ဝေပါတယ်​..
ရံခါ​တော့လည်း..
   အ​မေ့လက်​ရာ
ငါးကျဉ်း​​ကြော်​နှပ်​ နံနံပင်​အဖတ်​​လေး​တွေအုပ်
တလုပ်​​လောက်​စားခြင်​လိုက်​တာအ​မေရယ်​...
   ခုလို​နေမ​ကောင်းဖြစ်​ချိန်​ဆို..
အရင်​က...များ
သားနဖူးဖွဖွစမ်း
ကိုယ်​အရမ်းပူ​နေပါလား...ဆို
ဒ​ရော​သောပါး..​ဆေးခန်းတူတူသွားခဲ့တာ
ရေ​နွေးကိုအားချင်းကြို..
ကွမ်းရွက်​ပြုတ်​ရည်​.ခပ်​သုပ်​သုပ်​လုပ်
တမဟုတ်​ခြင်း..အဖျား​ပျောက်​ခဲ့တယ်​​လေ..
အိပ်​ယာထက်​က လှမ်းအကြည့်​.
နားထင်​မှာ​ခြွေကစို.့.
မီးခိုးအူ​လို့ မျက်​ရည်​ဝိုင်း လည်း..
သားအတွက်​ဆိုတဲ့ ​မေတ္တာနဲ့
လှုပ်​ရှား​နေတဲ့အ​မေ့ရဲ့ပုံရိပ်​..
ခပ်​ဆိပ်​ဆိပ်​​လေး​မြင်​မိ​နေတယ်​..အ​မေ..
ခု​တော့...
    ...........
သြော်​...
အ​မေ...
အ​မေ့ကိုယ်​စား..ကိုယ်​ပွားတဦးရှိတယ်​..အ​မေ.
သူ......
အချိန်​တိုင်းသတိရ...
အခက်​အခဲအတွက်​အား​ပေး...
ကျွန်​​တော့်​ကိုသူ့ဘဝအတွက်​အ​လေး​ပေးသူတစ်​​ယောက်​​ပေါ့...
သူ့အသံကြားရင်​..
အ​မေ့နီးပါး..
ဘဝအတွက်​အခွန်းဖြစ်​​စေခဲ့တယ်​​လေ..
အ​မေမရှိတဲ့​နောက်​ပိုင်း...
အကြိမ်​ကြိမ်လဲကျ..
အ​မေ့စကားနဲ့.သူ...အား​ပေးမှု​ပေါင်းစပ်
ခေါင်းမတ်​ခဲ့ရတာပါ​အ​မေ..
သားအတွက်​စိတ်​ချပါ​အ​မေ..
နှစ်​ဦးသားပူ​ပေါင်း..
ကုသိုလ်​​ကောင်းမှုလည်းလုပ်​ကြတယ်​အ​မေ..
တစ်​ဦးယိုင်​လဲရင်​..တဦးတွဲကူကြတယ်​​အ​မေ..
သီချင်းတွေတူတူဆို  ဘ၀အမောတွေပြေပျောက်
စိတ်ညစ်စရာတွေ နောက်ကောက်ချထားတယ်အမေ..
ခု​တော့..
သား...
အ​မေသတိရ...
ခုလိုစာချ​ရေးရင်း..
မျက်​လုံးအိမ်​မှာ...​ထွေပြား..
မျက်​ဝန်းအိမ်​မှာ...​ဝေဝါး..
ဆက်​...​ရေး...မ...ရ...​တော့ဘူးအ​မေ....
သူ​ပို့​ပေးတဲ့နွား​ကျောင်းသား​ဆေး..တခွက်​​​လောက်နဲ့
ဒီကိုလ်​ဂျင်​..တပြား​သောက်​ပြီး..
အဖျား​ပျောက်​​ရေး  အား​မွေးရင်း...
သူ...ဆိုပြ​နေကျ သီးချင်း
    နားထဲဝင်​လာခဲ့ပြန်​ပြီး...
"​နောက်​​နေ့များစွာလည်း...
  အဆင်​မ​ပြေတဲ့..ဘဝအတွက်
        မငိုပါနဲ့ခ​လေးရယ်​..."
အ​မေ့ကိုမှန်းဆ...
  သူ့ကိုတမ်းတရင်း...
 နောက်​​နေ့များစွာအတွက်
အားအင်​​တွေဖြစ်​ဘို့..
သီးချင်း​လေးနားစဉ်​ရင်း..
ကိုယ်​ထူ ကိုယ်​ထ. ​ဆေးအသာ​သောက်.
ကျွန်​​တော်​...တ​ယောက်​ထဲ...
P a n c h i t t h u
Thursday, January 21, 2016
ကျန်းမာရေး
အဆီကိုလောင်ကျွမ်းစေတဲ့ အကောင်းဆုံးအစားအသာက် ၆မျိုး
Wednesday, January 20, 2016 13:00(+0630) (2 ရက် ခန့်က)
အောက်မှာဖော်ပြထားတဲ့ အစားအသောက် ၁၂မျိုးကတော့ သင့်ရဲ့ ကိုယ်ခန္ဓာကိုယ်လှပစေဖို့ အကူအညီပေးမယ့် အစားအသောက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ခါ ဈေးဝယ်ရင် ဈေးစာရင်းထဲ ထည့်ဖို့မမေ့ပါနဲ့တော့။
ကျွဲကောသီး
ဗီတာမင် စီ ကတော့ အဆီတွေကိုလောင်ကျွမ်းစေရာမှာအကူအညီပေးပါတယ်။ ဒီလိုဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေဟာ အဆီကိုလောင်ကျွမ်းစေဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ မနက်စာမစားခင် ကျွဲကောသီးတစ်ဝက်လောက်စားခြင်း သို့ အစာမစားမီ မိနစ်၃၀ခန့် ကြိုတင်ကာစားခြင်းတို့က ပိုပြီးဗိုက်ပြည့်သလို ခံစားရတဲ့အတွက် အစာစားလွန်ခြင်းကလည်း ကာကွယ်ပေးပါတယ်။
ငရုတ်ကောင်းမှုန့်
အဆီဓါတ် ဆဲလ်တွေဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့ Piperine တွေက ငရုတ်ကောင်းမှုန့်ထဲမှာအရေးပါဆုံးပစ္စည်း ဖြစ်ပါတယ်။ ပြီးတော့ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက်စေဖို့ အကူအညီပေးတဲ့အတွက် ငရုတ်ကောင်းမှုန့်ကို စားသုံးခြင်းဟာလည်း ပေါင်ချိန်တော်တော်များများကို လျှော့ချနိုင်ဖို့ လွယ်ကူတဲ့နည်းတစ်ခုပဲ ဖြစ်ပါတယ်။အဆီဆဲလ်တွေရဲ့ပုံစံကိုလည်း လျော့စေပါတယ်။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်တွေကတော့ သွေးထဲမှာရှိတဲ့ သကြားဓါတ်ကိုလျော့စေပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ နဲ့ ဒိန်ချဉ် တို့ထဲကို ထည့်၍ အသုံးပြုနိုင်ပါတယ်။
ဥများ
ကြက်ဥတွေရဲ့ အကောင်းဆုံးအချက်ကတော့ ကယ်လိုရီနည်းပြီး ပရိုတင်း ၇ ဂရမ်ပါဝင်တာပဲဖြစ်ပါတယ်။ ပြီးတော့ အခြားအာဟာရများလည်းပါဝင်ပါတယ်။ သုသေသနပြုလုပ်မှုများအရ ကြက်ဥကို မနက်စာအဖြစ်စားသုံးခြင်းက ကယ်လိုရီပမာဏတော်တော်များများကို လျှော့ချပေးတယ်လို့တွေ့ရှိရပါတယ်။
ပန်းသီး ( နှင့် အခြားသစ်သီးဝလံများ 
အသီးအနှံတွေက ကိုယ်အလေးချိန်လျော့စေရန် အရေးပါလှပါတယ်။ သူတို့တွေက မရေတွက်နိုင်တဲ့ ကောင်းကျိုးတွေပေးသလို ကောင်းမွန်သောအရသာကိုလည်းပေးစွမ်းနိုင်ပါတယ်။ ပန်းသီးကို အခွံမနွာပဲစားသုံးခြင်းက ဖိုက်ဘာ နှင့် ရေဓါတ်ကို လည်းပေးနိုင်ပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။
လက်ဖက်ရည်ကြမ်း
က်ဖက်ရည်ကြမ်းရဲ့အသုံးဝင်ခြင်းကတော့ အဆီတွေထပ် ဖြစ်မလာအောင် တိုက်ထုတ်တဲ့ phytochemical catechins ဓါတ်ပါဝင်ခြင်းပါပဲ။ လက်ဖက်ရည်ကြမ်းအပူကို သောက်သုံးခြင်းက ပိုပြီး ကောင်းမွန်ပါတယ်။ ပျားရည် နှင့် လိမ္မော်သီးတို့ကို ထည့်ခြင်းက ကျန်းမာရေးအတွက် ပိုကောင်းလာရုံသာမက ပိုပြီးလည်းအရသာရှိစေလာမှာပါ။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
ပန်းလိုဘဝ
Monday, January 18, 2016
ဗဟုသုတ
အတူတူကျင်​လည်​​နေကြရတာပါ
     မြင်​ဘူးတဲ့သူ​ရောမမြင်​ဘူး​သေးတဲ့သူ​တွေအတွက်​ပါ  အမျာအ​ခေါ်က​တော့ငှက်​ဆိုးတဲ့
ရှေးပညာရှိ​တွေက​တော့ `လင်​​ကောင်​ပိုး´လို့​ခေါ်တဲ့သူ​တော်​​ကောင်းငှက်​ပါလို့အဆိုရှိပါတယ်
      စိတ်​ဝင်​စားစရာပါ ဆရာ​တော်​ကြီးတစ်​ပါးထံ​လျောက်​ထားကြည့်​​တော့မှသံသယရှင်းခဲ့ရ
လို့.ိမိတ်​​ဆွေတို့လည်းဗဟုသုတအလို့ငှါ​ရေးသားတင်​ပြခြင်​သာဖြစ်​ပါတယ်​။
Saturday, January 16, 2016
ကျန်းမာရေး
ညအချိန်မတော်စားခြင်းက မှတ်ဥာဏ်ကိုထိခိုက်စေ
   ညအချိန်မတော် အစားစားခြင်းက မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။ အထူးသဖြင့် အိပ်ချိန်မှာ စားသုံးခြင်း
 ဖြစ်ပါတယ်။ အကြောင်းကတော့ အိပ်ချိန် အချိန်ဟာ ဦးနှောက်ရဲ့ hippocampal area မှာ အလုပ်လုပ်
ချိန်စ်ြပြီး သူက အမှတ်ရရန် အရေးကြီးတဲ့ memory များကို သိမ်းဆည်း organise လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ 
တစ်ကြိမ် နှစ်ခါ ဖြစ်တာမျိုးဆိုရင် ကိစ္စမရှိပေမယ့် ညစိုင်းအလုပ်လုပ်ရသူများ၊ သို့တည်းမဟုတ် ညအိပ်ချိန် ထစားလေ့ ပုံမှန်ရှိသူများဆိုရင် ရေရှည်မှာ ထိခိုက်မှာ ဖြစ်ပါတယ်။ ယင်းအတွက် စမ်းသပ်မှုကို ဗြိတိန်မှ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်များကို ကြွက်များဖြင့် စမ်းသပ်ခဲ့ကြပြီး ကြွက်ရဲ့ ဦးနှောက်ကို စောင့်ကြည့်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ မှတ်ဥာဏ်ကို ထိခိုက်စေတာကြောင့် အလွန်မေ့လျော့တတ်လာခြင်း၊ မှတ်သားရ ခက်ခဲလာခြင်း၊ အမှတ်ရစရာများကို မေ့လျော့သွားခြင်းများ ဖြစ်ပြီးလာပြီး အဆိုးဆုံးအနေနဲ့ ဥာဏ်ကိုပါ လေးလံထိုင်းမိုင်းလာစေပါလိမ့်မယ်။ 
ဒါကြောင့်မို့ အိပ်ချိန်မှာ အစားစားခြင်းကို ရှောင်ကြဉ်ပြီး အိပ်စက်မှုကိုလည်း အချိန် ၇ နာရီ၊ ၈ နာရီ အပြည့်အဝ ရယူရန် အကြံပေးထားပါတယ်
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
အဆင်ပြေပါစေ..
ကျန်းမာရေး
အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါ စိတ်ကိုဘယ်လိုထားမလဲ 
ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ်၊ အမြဲတမ်းစိတ်ပျက်မှုတွေနဲ့ပဲ ကြုံနေရတဲ့သူပဲဖြစ်ဖြစ်။ အားလုံးအတွက် အရှုံးဆိုတဲ့အရာနဲ့
မပတ်သက်ချင်လို့မရပါဘူး။ အောင်မြင်ချင်ရင်လည်း ရှုံးဖူးရပါမယ်။ မအောင်မြင်ချင်ရင်လည်း ကျရှုံးနေမှာပါပဲ။ တစ်ခုပဲရှိတာက အောင်မြင်တဲ့သူတွေက
အရှုံးကနေ အချိန်မှီရုန်းထတတ်ပြီး ရှုံးမြဲရှုံးနေတဲ့သူတွေက အရှုံးနွံ့ထဲမှာပဲ နစ်နေတတ်တာပါပဲ။
ဒီတော့ အားလုံးမဖြစ်မနေ ကြုံရမယ့်အရှုံးဆိုတဲ့အရာကို ရင်ဆိုင်နေရပြီဆိုရင်တော့ စိတ်ကိုဘယ်လိုထားရမလဲဆိုတဲ့ကိစ္စက အရေးကြီးလာပါပြီ။ 
စိတ်ကိုထားတတ်မှလည်းပဲ အရှုံးတွေကိုကျော်လွှားပြီး အောင်မြင်မှုဆီကို ချဉ်းကပ်နိုင်မှာလည်း ဖြစ်ပါတယ်။
(၁) စိတ်ကိုအေးအေးထား။ ရှင်းရှင်းလင်းလင်းထား။ 
အမြဲတမ်းအရှုံးနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်အတွက်ကတော့ အရှုံးဆိုတာ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ (ဒါပေမယ့် ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး)
ဒါပေမယ့် အမြဲအလိုလိုအောင်မြင်နေတဲ့သူတစ်ယောက်အတွက်၊ ဒါမှမဟုတ် အောင်မြင်ချင်တဲ့သူတစ်ယောက်အတွက် ရုတ်တရက် မျှော်လင့်မထားတဲ့ အရှုံးကိုထိတွေ့လိုက်ရတဲ့အခါ
စိတ်ဓါတ်ကျသွားနိုင်ပါတယ်။ အရှုံးတွေဟာ တစ်ချို့အတွက် အားပြတ်သွားနိုင်သလို၊ တစ်ချို့အတွက်ကျ အားမာန်သစ်တွေတောင်ဖြစ်စေပါတယ်။ ဒါကလည်း ရင်ဆိုင်ရတဲ့
အရှုံးပေါ်မူတည်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက အရှုံးဆိုတာ အောင်မြင်မှုကိုသွားတဲ့နေရာမှာ ခဏခဏတွေ့ရမယ့် လမ်းခုလတ်ကအရာတွေပါ။
ပထမဆုံးအနေနဲ့ အရှုံးကိုရင်ဆိုင်ရပြီဆိုရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ရမှာက စိတ်ကိုအေးအေးထားပါ။ လူတိုင်းရှုံးဖူးပါတယ်။
(၂) အခြေအနေကို လက်ခံပါ။
အရှုံးကိုလက်ခံမယ်ဆိုတာက သင့်ကိုအရှုံးသမားဖြစ်ပါတယ်လို့ ဝန်ခံဖို့ တိုက်တွန်းပြောဆိုတာမဟုတ်ပါဘူး။ အရှုံးကိုလက်ခံမှ အရှုံးတွေထဲက သင်ခန်းစာတွေယူပြီး
ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်မှာပါ။ ဒါ့ကြောင့် ရှုံးသွားတယ်ဆိုတာကို ရှောင်ပြေးနေဖို့ မလိုပါဘူး။ အရှုံးဆိုတာ ဘဝရဲ့နိဂုံးမဟုတ်ပါဘူး။ ပြန်မထနိုင်တော့မှ ဘဝရဲ့နိဂုံးပါ။
ဒီလိုပြန်ထဖို့ဆိုတာလည်း လဲကျသွားပါတယ်ဆိုတာကို အရင်ဆုံးလက်ခံဖို့လိုပါတယ်။
(၃) သူများတွေကို အပြစ်မတင်ပါနဲ့။
သင်ရင်ဆိုင်ရတဲ့ အရှုံးဟာ ဘယ်သူဘယ်ဝါကြောင့် ဖြစ်ပါတယ်ဆိုပြီး သူများကို အပြစ်မတင်ပါနဲ့။ သူများကို အပြစ်တင်လိုက်တာနဲ့ သင်ဟာ သင့်အရှုံးအပေါ် တာဝန်မယူနိုင်ဘူ
ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သင့်ရလဒ်အတွက် သင့်မှာတာဝန်ရှိပါတယ်။ ဒီရလဒ်ကို ပြင်ဆင်နိုင်ဖို့ဆိုတာလည်း သင့်အပေါ်မှာလည်းပဲ မူတည်ပါတယ်။ စိတ်ဓါတ်ရင့်ကျက်တဲ့သူတစ်ယောက်အတွက်
သူများကို လက်ညှိုးထိုးတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။
(၄) ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
အရာရာဟာ ငါညံ့လို့ပါကွာ။ ငါအသုံးမကျလို့ပါ။ ဆိုတဲ့ အားငယ်တဲ့စကားသံတွေကို သင့်ကိုယ်သင် မပြောမိပါစေနဲ့။ အရှုံးရလဒ်ကို လက်ခံလိုက်ပါ။ နောက်တစ်ကြိမ် ဘယ်လိုပြင်ဆင်မလ
ဆိုတာကိုပဲ အာရုံစိုက်ပါ။ အရှုံးကို တာဝန်ယူတာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တာနဲ့က အကွာကြီးကွာပါတယ်။ ကိုယ့်ကိုယ်ကိုအပြစ်တွေတင်ရင်းနဲ့ ကိုယ့်ယုံကြည်ချက်တွေပါ
ကျဆင်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် သင်ခန်းစာယူဖို့ကိုပဲ အာရုံထားပါ။ ကျန်တဲ့အတွေးတွေ ခေါင်းထဲကနေ ထုတ်လိုက်ပါ။
(၅) အခြေအနေအပေါ် စောဒကတွေမတက်ပါနဲ့။
အခြေအနေအပေါ်မှာလည်း ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး စောဒကတွေ မတက်ပါနဲ့။ စောဒကတက်လိုက်တာဟာ သင့်အတွက် နှစ်ခါရှုံးသွားတယ်ဆိုတဲ့ သဘောပါပဲ။ နှစ်ခါအရှုံးမခံပါနဲ့။ 
ဘာလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတဲ့ သင်ခန်းစာပဲယူပါ
(၆) ခဏအနားယူပါ။
အရှုံးဟာ စိတ်ကိုပင်ပန်းစေပါတယ်။ ဒါသဘာဝပါ။ ဒီတော့ အရှုံးဒဏ်ကို ခံစားနေရပြီဆိုရင် သင့်စိတ်ကိုသင် ခဏလောက်အနားပေးလိုက်ပါ။ ထပ်ပြီး မဖိစီးပါစေနဲ့။
ပြီးတော့မှ စိတ်သစ်၊လူသစ်၊ အင်အားသစ်တွေနဲ့ ခြေလှမ်းသစ်တွေကို ပြန်စပါ။
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
we are social
recent posts
latest tweets
random posts
About us
recent posts
random posts
three columns
Text Widget
Sample Text
grids
cars
like us on facebook
Pages