Tuesday, February 23, 2016

အားလုံး အတွက်

အားလုံး အတွက်
မြန်မာနိင်ငံတော်၏ အနာဂတ် ငွေစက်ကူ အသစ် အားလုံး အတွက်
Thursday, April 30, 2009
အတွေ့အကြုံသစ်တစ်ခု....

Aung: မနိုင်းရေ ...... ဖြတ်သန်းလာခဲ့တဲ့ မနိုင်းဘ၀တစ်လျောက်မှာ အပျော်ဆုံးတစ်နေ့ အကြောင်းကို စာတစ်ပုဒ်လောက် ရေးပေးပါ။ ဒါမှမဟုတ် မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့အကြောင်းကိုပေါ့။

ရွှေမန်းသား "အောင်" ရဲ့ အပြောကို Orange Chit Thu ကပါ ထောက်ခံခဲ့လို့ ဒီစာကို ရေးဖြစ်ပါတယ်။ အပျော်ဆုံးနေ့ဆိုတာ တစ်ချို့လူတွေအတွက် အောင်စာရင်းထွက်တဲ့နေ့၊ နိုင်ငံခြားထွက်တဲ့နေ့၊ ထီပေါက်တဲ့နေ့.... စတာတွေ ဖြစ်ရင်ဖြစ်မယ်။ ကျွန်မအတွက်က ပျော်တဲ့နေ့တွေပဲရှိတယ်.. အပျော်ဆုံးနေ့ဆိုတာမျိုး သတ်သတ်မှတ်မှတ် မရှိဖူးဘူး။ ပျော်တဲ့နေ့မှာ ရယ်မောစရာ၊ ရင်ခုန်ကြည်နူးစရာတွေ ပါမယ်ဆိုတာ မပြောလည်း သိကြပါတယ်။ အဲဒီလိုပဲ ကျွန်မအတွက် မေ့မရတဲ့နေ့ဆိုပြီး သတ်သတ်မှတ်မှတ် မရှိပေမယ့် ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာနဲ့ မေ့လို့မရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ဝမ်းနည်းစရာကို မေ့ထားပြီး ပျော်စရာတွေကိုပဲ ကျွန်မ များများမှတ်ထားပါတယ်။ အခုလည်း (ကျွန်မအတွက်) အမှတ်တရလည်းဖြစ်၊ ရယ်လည်း ရယ်ချင်တဲ့ အဖြစ်တစ်ခုကို ခပ်ပျော်ပျော်လေး ရေးချလိုက်ပါတယ်။

ကျွန်မအခု သင်ရတဲ့ ကလေးတွေက ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေများတယ်။ သူတို့အရွယ်က အရာရာ စူးစမ်းစပ်စုချင်ကြတဲ့ အရွယ်တွေ၊ ဆိုးလို့ ပျော်လို့ ကောင်းတဲ့အရွယ်တွေဖြစ်တယ်။ အတန်းထဲမှာ အများက ဗမာစကား ကောင်းကောင်းမပြောတတ်တဲ့ ရှမ်း၊ အခါ၊ တရုတ်၊ ဝ တွေဖြစ်တယ်။ "ဆရာမ ကျွန်တော် ရေစားချင်တယ်" ဆိုတဲ့ လူမျိုးတွေပေါ့။ (ရေသောက်ချင်တာကို ဆိုလိုပါတယ်) ကျွန်မလည်း ရှမ်းလိုက မလည်မဝယ်၊ အခါ၊ ဝလိုက မတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ အတန်းထဲမှာ စကားနှစ်မျိုး၊ သုံးမျိုးတတ်တဲ့ ကျောင်းသားတွေကို ဘာသာပြန်ငှားထားရတယ်။

ဒီလိုနဲ့ အတန်းတက်စ တစ်နေ့မှာ ရှမ်းမ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို လာတိုင်တယ်။ "ဆရာမ.. ဆရာမ.. အားတီ သမီး ရင်ကို လာကိုင်တယ်။ အခုနားက သမီးအမေ ကျောင်းလိုက်လာတယ်၊ အားတီကို မတွေ့လို့ ဆရာမကို တိုင်တာ" တဲ့။ (ဗမာစကားတောင် ကောင်းကောင်းမပြောတတ်သူမို့ "ရင်"လို့ သူမသုံးဘူး။ ကျွန်မက ဖတ်ရ ယဉ်ကျေးအောင် ရင်လို့ သုံးလိုက်တာပါ) တိုက်ရိုက်ကြီး ပြောလာတဲ့ စကားကြောင့် ကျွန်မ ကြောင်သွားတယ်။ နားလည်း ရှက်သွားသလိုပဲ။ သူပြောတဲ့ အားတီဆိုတဲ့ ရှမ်းကောင်လေးက အတန်းထဲမှာ ဟိုလူစ၊ ဒီလူစနဲ့ တော်တော်ဆိုးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဒီကျောင်းသူလေးရဲ့ ရင်ကို စနောက်ရင်း ထိမိတာလား? သူ တမင်ပဲ သွားကိုင်ခဲ့တာလား မသိဘူး...

ကျောင်းသားက ဆရာမကို အားကိုးတကြီးနဲ့ တိုင်လာပြီဆိုတော့ ကျွန်မလည်း "အေး.. ခဏနေ ဆရာမ ဆုံးမပေးမယ်" ဆိုပြီး စာစသင်လိုက်တယ်။ အုပ်ထိန်းသူတွေပါ ပါလာနိုင်လောက်တဲ့ ပထမဆုံးအကြိမ် ကြုံတဲ့ ပြဿနာမို့ ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ဘူး။ လုပ်သက်က မရင့်တော့ အတွေ့အကြုံလည်း မရှိဖြစ်နေခဲ့တယ်။ အားတီကို လူသိရှင်ကြား ဆိုဆုံးမမိရင် သူတို့နှစ်ယောက်စလုံးကို ကျောင်းသားတွေ ဝိုင်းလှောင်ကြမှာလည်း စိုးတယ်။ ဒါကြောင့် စာသင်ရင်း အားတီကို ဘယ်လို ဆုံးမရမလဲလို့ ကျွန်မတွေးနေမိတယ်။

အတန်းပြောင်းချိန်ရောက်တော့ အားတီကို ကျွန်မနားခေါ်လိုက်တယ်။

"အားတီ .. နင် သူ့ကို ဘာသွားလုပ်လဲ" လို့ ကျွန်မ မေးတော့ "ဘာမှမလုပ်ဘူး" တဲ့။

"သူ့ရင်ကို သွားကိုင်တယ်ဆို" ဆိုတော့ "ရင်" ဆိုတာကို သူနားလည်ပုံ မရလို့ "ဘာမှမလုပ်ဘူး" ဆိုတာပဲ ပြန်ဖြေတယ်။

"မိန်းကလေးက ယောက်ျားလေးတွေနဲ့ မတူဘူး။ လျှောက်သွားမထိ ရဘူးဆိုတာ မသိဘူးလား" လို့ ဆရာမကြီးလေသံနဲ့ ကျွန်မ ထပ်ပြောတော့ (နားမလည်ဟန်နဲ့) "မသိဘူး" တဲ့။ ခက်တော့နေပြီ..... သူဘာလုပ်ခဲ့တယ်ဆိုတာကို အလွယ်တကူသိအောင် ဒီဆရာမ ဘယ်လိုရှင်းရမလဲ မသိ?

"နင်.. ဒီလို သွားလုပ်တယ်ဆို" ဆိုပြီး ရုတ်တရက် သူ့ရင်ဘတ်ကို လက်နဲ့ကိုင်သလို လုပ်ထည့်လိုက်မှ ပါးစပ်ပိတ်ပြီး သူ ခေါင်းညိတ်သွားတော့တယ်။

ကျွန်မက ရယ်လည်းရယ်ချင်၊ လက်သရမ်းချင်တဲ့ သူ့ကို ဒေါသလည်းထွက်နဲ့ မျက်နှာကို အတည်ဆုံးထားပြီး "ဘယ်လက်လဲ" လို့ မေးလိုက်တယ်။ သူဘာမှ မပြောဘဲ ညာဖက်လက်ကို ထုတ်ပေးပါတယ်။ တုတ်ယူပြီး ထုတ်ပေးတဲ့ သူ့ညာလက်ကို ကျွန်မ ခပ်နာနာလေး နှစ်ချက်ဆင့် ရိုက်ထည့်လိုက်မိတယ်။ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေးက မတူတဲ့အကြောင်း၊ လက်သရမ်းပြီး လျှောက်မထိသင့်ကြောင်း၊ ထပ်လုပ်ရင် မိဘတွေ၊ ကျောင်းအုပ်တွေပါ ပါလာနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။ ကျွန်မပြောတာကို အားတီ နားလည်လား? မလည်လားတော့ မသိဘူး။ ကျွန်မပြောပြီးတာနဲ့ အခန်းပြင်ကို သူထွက်သွားလိုက်တယ်။ ကျွန်မက နေရာမှာပဲ ရယ်ချင်သလိုလိုနဲ့ ကျန်ခဲ့တယ်။

ကျောင်းသူတစ်ယောက် မဖွယ်မရာ လုပ်ခံလိုက်ရလို့ ကျွန်မရယ်ချင်၊ ပျော်ရွှင်သွားတာ မဟုတ်ပါဘူး။ နားမလည်သူကို နားလည်အောင် လုပ်ပြလိုက်တဲ့ ကိုယ့်အပြုအမှုကိုပဲ ရယ်ချင်မိတာပါ။ ဆရာမတစ်ချို့ကို ဒီအဖြစ်ပြောပြတော့ သူတို့လည်း ပြုံးမိကြတယ်။ ဒီအဖြစ်က ဆရာမဖြစ်စ အတွေ့အကြုံအဖြစ် ကျွန်မဘဝမှာ မှတ်မှတ်ရရ မေ့မရအောင် ကျန်နေခဲ့မှာ သေချာပါတယ်။

(ရေးခိုင်းတ

အသုံးဝင်​လျက်​တန်​ဘိုမမဲ့​စေချပါ

အသုံးဝင်လျက် တန်ဖိုးမဲ့
*********************
မျက်ကန်းတစ်ယောက်အတွက်
မှန်တစ်ချပ်ဟာ အလကားပဲ....။

စိတ်ဓာတ်ယုတ်ညံ့သူအတွက်
ပညာတတ်ခြင်းဟာ အလကားပဲ....။

တွန့်တိုတတ်သူ အတွက်
ကြွယ်ဝခြင်းဟာ အလကားပဲ....။

အရည်အချင်း မရှိသူအတွက်
အရေးပါမှုဟာ အလကားပဲ....။

ကြိုးစားအားထုတ်မှု မရှိသူအတွက်
ကံတရားရဲ့ဖေးမမှုဟာ အလကားပဲ....။

ရိုးသားမှုမရှိသူအတွက်
လောကသစ္စာတရားဟာ အလကားပဲ....။

သင်ခန်းစာမယူတတ်သူအတွက်
ဘဝအတွေ့အကြုံတွေဟာ အလကားပဲ....။

အတ္တကြီးသူအတွက်
ကိုယ်ချင်းစာတရားဆိုတာ အလကားပဲ....။

စာနာစိတ်မရှိသူအတွက်
မေတ္တာတရားဟာ အလကားပဲ....။

မခံစားတတ်သူအတွက်
အနုပညာဟာ အလကားပဲ....။

ဆင်ခြင်နိုင်စွမ်းမရှိသူအတွက်
အတွေးအခေါ်တွေဟာ အလကားပဲ....။

သဒ္ဓါတရား မရှိသူအတွက်
ကုသိုလ်ဆိုတာ အလကားပဲ....။

ကုသိုလ်မရှိသူအတွက်
အသက်ရှင်ရခြင်းဟာ အလကားပဲ....။

~WPH~


Saturday, February 20, 2016

ယောနိ​သောမနသိကာရ

ကုသိုလ် အကုသိုလ်ဖြစ်ခြင်း၏ အနီးဆုံးအကြောင်း

=============================

ကုသိုလ်တရား ဖြစ်ခြင်း၏ အနီးဆုံးအကြောင်းသည်

" ယောနိသော မနသိကာရ "

အကောင်းမြင်ဝါဒရှိခြင်း။ သင့်တင့်ကောင်းမွန်စွာ နှလုံးသွင်းတတ်ခြင်းပင်ဖြစ်၏။

အကုသိုလ်တရားဖြစ်ခြင်း၏အနီးဆုံးအကြောင်းသည်

" အယောနိသော မနသိကာရ "

မကောင်းမြင်ဝါဒရှိခြင်း ။ သင့်တင့်ကောင်းမွန်စွာ နှလုံးမသွင်းတတ်ခြင်းပင်ဖြစ်၏ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူထားလေသည်။

(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)

( Post များမှ ဓမ္မတရားတော်များကို အများသူငါ ဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်
အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူ
နိုင်ကြပါသည်ခင်ဗျာ)

Friday, February 19, 2016

ဘုရားဖူးသွားလျှင်
°°°°°°°°°°°°°°°
  ဘုရား​စေတီကိုဖူး​မြှော်​ခြင်းငှါသွား
ကုန်​​သောသူတို့သည် မိမိတို့​နေအိမ်​မှထွက်​သည်​မှစ၍လမ်းတစ်​​လျောက်​လုံးသားငယ်​ ​မြေးပုတို့နှင့်​အုတ်​အုတ်
ကျက်​ကျက်​မရှိ​စေပဲ
"ဗု​ဒ္ဓေါ ဗု​ဒ္ဓေါတိ ​​ဃော​သော အတိဒုလ္လဘတ​ရော၊ကာကထာ ဗုဒ္ဓ
ဘာ​ဝေါ ဟူ​သောနမက္ကာရအတိုင်း
"ဗု​ဒ္ဓေါ ဗု​ဒ္ဓေါတိ ​​ဃော​သော=ဘုရား ဘုရား ဟူ​သောအသံကိုပင်​၊
အတိဒုလ္လဘတ​ရော-အလွန်​ရခဲ၏၊
ဗုဒ္ဓဘာ​ဝေါ-ဘုရားအဖြစ်​ကို၊
ကာကထာ-အဘယ်​မှာဆိုဖွယ်​ရာစကားရှိ​ချေအံ့နည်း၊
အတိဒုလ္လဘတ​ရော ဧဝ-အလွန်​ရခလြှ​တော့သည်​သာတည်းဟု မိမိသွားမည့်​အရပ်​တွင်​ သက်​​တော်​ထင်​ရှားဘုရား
ရှင်​ကိုယ်​​တော်​မြတ်​ကြီးကို​ဖူး​တွေ့ရ​တော့မည်​အလားဝမ်းပါးရွှင်​ပြ ပီတိ​သောမနဿ နှင်​ယှဉ်​​သောစိတ်​ကို​ရှေ့ထား၍
ဘုရား ဖူးသွားကုန်​ရာ၏။

Thursday, February 18, 2016

ပဌာန်းရွတ်​ပွားခြင်းအကျိုး


ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …
ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်​ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။

အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်
ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြ
ပါတယ်။ ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။

နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ …
(၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေ
မယ့်.. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။

(၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။

(၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

(၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ယခုအ
ခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။

(၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။

(၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။

-ဖိုးသူတော် (www.phothutaw.com)
Credits :  Myo Nyunt


Tuesday, February 16, 2016

ခင်​ပွန်းကြီးဆယ်​ပါး

ခင်ပွန်းကြီး (၁၀) ပါး။
by thein wai
18 နာရီအကြာ

 ၁။ ဘုရား
 ၂။ ပစ္စေကဗုဒ္ဓွါ
 ၃။ ရဟန္တာ
 ၄။ လက်ဝဲ အဂ္ဂသာဝက၊ လက်ျာ အဂ္ဂသာဝက
 ၅။ အမိ
 ၆။ အဖ
 ၇။ အလေးအမြတ်ပြုအပ်သူ
 ၈။ သွန်သင်ဆုံးမသူ (ဆရာ/ သွန်သင်ဆုံးမသူအားလုံး)
 ၉။ ပေးကမ်းဖူးသူ/ ကူညီစောင့်ရှောက်ဖူးသူ
၁၀။ တရားဟောပုဂ္ဂိုလ် (ပြစ်မှားမိသော် မဂ်တားဖိုလ်တား ဖြစ်တတ်သည်။)
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk

ေ​န့ညမပြက်​ဆင်​ခြင်​အပ်

သေခြင်းကိုမကြောက် လောကဓံကိုခံနိင်သော ဂါထာတော်
******************************************
"""အဘိဏှသုတ် ပါဠိတော် မြန်မာပြန်"""
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
ကတမာနိ ပဉ္စ-
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊
တဿ ဒါယာဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
အဘိဏှသုတ် မြန်မာပြန်
ရဟန်းတို့ ငါးပါးကုန်သော ဤအကြောင်းတရားတို့ကို မိန်းမသည် လည်းကောင်း ယောက်ျားသည် လည်းကောင်း လူသည် လည်းကောင်း ရဟန်းသည် လည်းကောင်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။
အဘယ်ငါးပါးတို့နည်းဟူမူကား။
ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။
ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။
ငါသည် သေခြင်းသဘောရှိသည်၊ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။
ငါ့အား ခပ်သိမ်းကုန်သော ချစ်နှစ်လိုအပ်ကုန်သော။ နှလုံးကိုပွားစေတတ်ကုန် သော အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်း သွားသဖြင့် ရှင်ကွဲကွဲရခြင်းသည် လည်းကောင်း။ ဘ၀တစ်ပါးသို့ ပြောင်းသွား သဖြင့် သေကွဲကွဲရခြင်းသည်ရှိ၏။ ဤသို့ နေ့ညဥ့် မပြတ်ဆင်ခြင်အပ်၏။
ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်။
ကံသာလျှင် အမွေခံရှိသည်။
ကံသာလျှင် အကြောင်းရှိသည်။
ကံသာလျှင် အဆွေအမျိုးရှိသည်။
ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည် ဖြစ်၏။
ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော၊ ထိုကံကို ပြုအံ့ ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ ဤငါးပါးသော အကြောင်းတရားတို့ကို မိန်းမသည်လည်းကောင်း ယောက်ျားသည်လည်းကောင်း လူသည်လည်းကောင်း ရဟန်းသည်လည်းကောင်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

Monday, February 15, 2016

ဖုန်းနံပါတ်​များ{တရားပွဲကျင်းပလို့သူများ}သို့

ဆရာတော်ကြီးတွေရဲ့ဖုန်းနံပါတ်တွေပါဗျာ နွေရောက်လာပြီးလေ တရားပွဲတွေလုပ်ချင်ရင်အဆင်ပြေတာပေါ့

၁။သပိတ်အိုင် သီတဂူ ၀၉၅၁၉၉၉၉၁

၂။ဗန်းမော်ဆရာတော် ၀၉၄၃၀၅၉၄၄၅

၃။ ဒေါက်တာနန္ဒမာလာဘိဝံသ ၀၁၆၅၀၇၀၅

၎။မဇ္ဈိမဂုဏ်ရည် ဒေါက်တာကောဝိဒ ၀၁၅၄၇၁၃၁ ၀၉၅၀၂၂၉၈၆

၅။သီတဂူကြယ်တစ်ပွင့် ၀၉၂၀၁၁၁၅၃ ၀၉၆၈၁၂၈၉၆

၆။ဦးအဂ္ဂ ၀၉၅၀၅၅၈၃၈

၇။ဓမ္မစေတီ ဦးကောသလ ၀၁၅၈၄၃၁၇

၈။မေတ္တာအေးဆရာတော် ၀၉၅၁၄၂၄၀၄

၉။ဇလွန် ဦးကောသလ္လ ၀၉၅၀၅၉၆၂၆

၁၀။သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ ၀၉၈၆၁၆၂၂၆ / ၀၉၇၈၇၇၈၇၅၆၇

၁၁။အရှင်သောမ ၀၉၈၇၄၀၇၃၃

၁၂။ရေကြည်ဆရာတော် ပြည်တွင်းပြည်ပသာသနာပြုဓမ္မကထိအရှင်သီလာနန္ဒ ဓမ္မာစရိယ ၀၉၄၂၁၁၀၆၀၁၀
၀၉၇၉၈၁၆၀၈၆၆

၁၃။ရွှေပြည်ဟိန်း ဆရာတော် ၀၉၅၄၁၄၉၃

၁၄။ဆင်ဖြူတောင် ဆရာတော် ၀၁၅၄၀၈၅၀ ၀၁၅၁၄၂၄၆၁

၁၅။FMIအရှင်ဝါသ၀ ၀၁၅၈၇၆၃၀

၁၆။ပြည်တော်ဦးအရှင်ပဏ္ဍိစ္စ ၀၉၉၉၂၄၃၄၃

၁၇။ဓမ္မဒူတဦးပညာဝရ ၀၉၈၇၂၀၂၀၈

၁၈။ဒေါက်တာစန္ဒာဝရ ၀၉၈၅၈၁၆၇၅

၁၉။ဓမ္မဒူတအရှင်ဆေကိန္ဒ ၀၉၅၀၁၅၀၂၄

၂၀။ဦးတေဇနိယ ၀၉၅၁၄၃၃၂၇

၂၁။ဓမ္မဘေရီဆရာတော် ၀၉၂၀၂၆၀၃၁

၂၂။ဦးတေဇောသာရ ၀၉၅၃၀၁၄၆၅

၂၃။ဦးသုမင်္ဂလ ဒယ်အိုး ၀၉၈၇၃၀၁၄၀

၂၄။ဦးဝိစာရ ၀၉၂၀၂၅၈၃၄

၂၅။ဦးသုမင်္ဂလ(ဝေါ) ၀၉၅၀၄၄၂၂၆

၂၆။ဦးသုန္ဒရ(ဇေယျဝတီ) ၀၁၅၁၇၈၇၇

၂၇။ဦးဝါသေဌ ၀၁၇၂၄၂၄၉

၂၈။ကော့သောင်းဦးဝါယမ ၀၁၅၆၄၅၁၆၁

၂၉။ဓမ္မဒူတ ဦးဝိမလ ၀၉၈၆၂၂၈၅၈

၃၀။ဖြူးဦးအဂ္ဂ ၀၉၅၃၉၀၄၁၇

၃၁။ဦးဣန္နက ၀၉၅၀၁၈၀၈၅

၃၂။သီတဂူဦးဣန္နက ၀၉၄၉၂၂၉၀၂

၃၃။ဦးဣန္ဒြာစရိယ ၀၁၅၀၅၉၄၁

၃၄။သီတဂူ ဦးကတ္တိ ၀၉၂၀၂၄၂၀၁

၃၅။ဦးသ၀ိဓဇာလင်္ကာရ(မျိုးသာကီ) ၀၉၂၁၁၀၄၈၇

၃၆။မေတ္တရှင်ဖောင်ဒေးရှင်း ဦးကောဝိဒ စစ်ကိုင်း ၀၉၂၁၁၀၂၀၂

၃၇။ခင်မကန် ဦးခေမိန္ဒ ၀၉၅၀၆၃၈၁၆

၃၈။အောင်လံ ဦးကုသလ ၀၉၄၃၀၄၉၃၈၁

၃၉။ဦးမန္ဒလ ၀၉၄၉၇၆၁၀၅၉

၄၀။ဦးနန္ဒမဉ္ဇူ ၀၉၄၉၃၀၀၅၆၃

၄၁။သစ္စာရွှေစည် ဦးဥတ္တမ ၀၉၇၃၅၀၂၁၅၀

၄၂။ဦးသုနန္ဒ ၀၂၅၅၂၅၅

၄၃။ဦးဇာဂရ ၀၉၄၉၂၅၂၉၈၈၃

၄၄။ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တအဂ္ဂိယ ၀၂၃၉၇၀၇

၄၅။ရွှေတိဂုံ သြ၀ါဒစရိယ ဘဒ္ဒန္တသောဘဏ ၀၉၅၁၃၄၅၉၈

၄၆။ဘဒ္ဒန္တသြ၀ဓါဘိဝံသ ၀၉၈၅၄၀၃၈၉

၄၇။မြသိန်းတန် ဘဒ္ဒန္တသောဘဏ ၀၁၂၉၁၈၀၁

၄၈။မြတောင်ကျောင်းဘဒ္ဒန္တသောဘဏာဘိဝံသ ၀၂၃၉၇၀၇

၄၉။တိပိဋကရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ၀၉၅၁၆၉၉၉၄

၅၀။ကသာဦးပညာသာမိ ၀၉၆၈၁၅၅၂၆

Saturday, February 13, 2016

လောကဟင်းလင်းပြင်

http://soundcloud.com/kokoandchitlay/p9i68wf7ujbd


ရင်​ထဲကပါ

ရင်​ထဲကစကား စာသားဖြစ်​သွားတယ်

ကျွန်​​တော့်​​ခြေတစ်​လှမ်း
     ကု​ဋေတစ်​သန်း  မတန်​လည်း
   ရင်​ထဲက​မေတ္တာစမ်း
ဘယ်​​တော့မှမခမ်း​စေရပါဘူး♪ ★ (^_^)


တ​ပေါင်းတ​စ္ဆေ♪ ♪ ♪

ဥသြသံချီုလွမ်းစိတ်​ပို

တ​ပေါင်းတ​စ္ဆေ
~~~~~~~~~
တ​ပေါင်းသစ်​ပင်​၊ ရွတ်​နုဆင်​၍
ရွှင်​ရွှင်​ပျပျ၊ ၊ သီ ဆို က၏။

ဥသြငှက်​ပျို ၊​တေးသစ်​ဆို၍
ချို ချို မြမြ သာယာလှ၏။

ရာသီကြာ​ညောင်း ၊ ရွတ်​​ကြွေ​ဟောင်းကို
တ​ပေါင်းသစ်​ပင်​၊ ရွတ်​နုဆင်​၍
မကြင်​သ​ဘော ​မေ့အံ​လော။

ခေတ်​ကုန်​လွင့်​​မျော၊​တေးဂုဏ်​​လျှောကို
ဥသြငှက်​ပျို ၊​တေးသစ်​ဆို၍
မချို သ​ဘော ​မေ့အံ​လော။
{မင်းသုဝဏ်​}




Friday, February 12, 2016

မေတ္တာ

မေတ္တာစိတ်သည်​​အဓိက
လူတ​စ်​​ယောက်​နှင့်​တစ်​​ယောက်​နီးခြင်း​ဝေးခြင်းသည်​ပဓာနမဟုတ်​။
မေတ္တာစိတ်​နီးခြင်းသည်​သာပဓာနဖြစ်​သည်​။
မေတ္တာစိတ်​ဓာတ်​ ​သေွးးနီးစပ်​က
နေရပ်​မြို့​ကျေး မည်​မျှ​ဝေးလည်း
လွမ်း​ဆွေမဝ သတိရ၏
အကြင်​ပုဂ္ဂိုလ်​ ချစ်​ကြည်​ညိုက
သမုဒ္ဒရာကမ်းခြား ​နေပါငြားလည်း
အနီး၌ပင်​ စိတ်​ကထင်​၏

အရဟံ

မြတ်စွာဘုရားက စည်းစိမ်ဥစ္စာ ရရှိဖို့ထက် စိတ်ထား နှလုံးထား ရင့်ကျက်တိုးပွားအောင် ကြိုးစားကြဖို့က ပိုအရေးကြီးကြောင်း မိန့်ကြားတော် မူထားပါတယ်။

အရဟံဂုဏ်​ ကိုယ်​မှာထုံ
အကုန်​​ဘေးရန်​ ​ပျောက်​ပါသည်​။
အကုန်​ချမ်းသာ ​ရောက်​ပါသည်​။
အကုန်​နိဗ္ဗာန်​ ​ရောက်​ပါသည်​။
အရဟံဓာတ်​ ဂုဏ်​​တော်​မြတ်
လွှမ်းပတ်​ကမ္ဘ္ဘာ တည်​​စေ​သော်



ဒုက္ခသုံးမျိုး

by thein wai
မနေ့ကပြုလုပ်သွားပါသည်။

ဒုက္ခ ဒုက္ခ။  ။ ကြာကြာဖိထိုင်၍ နာလာ၊ ကျင်လာ၊ ထုံလာ၊ ကိုက်လာခြင်းမျိုး၊ ရောဂါတစ်ခု
                ကြောင့် နာလာခြင်းမျိုးကို ခန္ဓာဒုက္ခပေါ် နောက်ထပ်ဒုက္ခထပ်၍ဆင့်သောကြောင့်
                ဒုက္ခ ဒုက္ခဟုခေါ်ပါသည်။
ဝိပရိနာမ ဒုက္ခ။  ။ အရွယ်ကြီးပြင်းလာ၍ ဆံဖြူ၊ သွားကျိုး၊ ပါးရေတွန့်ခြင်း စသည်တို့သည် ငယ်
                 ရုပ်အမူအယာမှ ကြီးရုပ်အမူအယာသို့ ပြောင်းလဲသွားကြောင့် ၀ိပရိနာမ ဒုက္ခဟု
                 ခေါ်ပါသည်။
သင်္ခါရ ဒုက္ခ။  ။ နာမ်တရားနှင့် ပရမတ်တရားတို့၏ နိဗ္ဗာန်မရမချင်း ဘ၀အဆက်ဆက် ထရစပ်
                မရပ်မနား ဖြစ်ပျက်ပြီး နှိပ်စက်နေခြင်းကို သင်္ခါရ ဒုက္ခဟုခေါ်ပါသည်။ ဒုက္ခ ဒုက္ခ
                နှင့် ၀ိပရိနာမ ဒုက္ခကို ပညတ်ဒုက္ခဟု ခေါ်သည်။ ၄င်းတို့ကို ရှုခြင်းဖြင့် ၀ိပဿနာ
                မဖြစ်၊ သံဝေဂသာရနိုင်သည်။ သင်္ခါရ ဒုက္ခကို ပရမတ်ဒုက္ခဟုခေါ်သည်။ ၄င်းကို
                ရှုမှသာ ၀ိပဿနာ ဖြစ်ပါသည်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်

Wednesday, February 10, 2016

ရောဂါကုစား စိတ်စွမ်း်အား

Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ 16 mins · ❖ ရောဂါကုစား စိတ်စွမ်းအား❖ ‘ရောဂါကုစား စိတ်စွမ်းအား’တဲ့။ စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်။ ဒီကနေ့ ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်။ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ် အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့မှတ်တမ်းတွေ ရှိတယ်။ ယနေ့ခေတ်မှာ psychotherapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို ဆွေးနွေးအဖြေရှာ ပေးခြင်းနဲ့ စိတ်ရောဂါကို ကုစားပေးတယ်။ စိတ်ရောဂါကုတဲ့ ဆရာဝန်ကို psychiatrist လို့ ခေါ်ပြီး စိတ်ရောဂါအတွက် discussion လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို psychothera-pist လို့ခေါ်ကြတာပေါ့။ ဒါမျိုးက အခုခေတ်မှ ပေါ်တာမဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာ လက်ထက်တုန်းကိုက ရှိခဲ့တာပါ။ ရောဂါနဲ့ ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့ ကုစားကြတာတွေ ရှိတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော် တွေကိုပင့်ပြီး ဗောဇ္ဈင်သုတ်တို့ ပရိတ်တို့ မနာကြဘူးဘား။ နာကြတယ်နော်။ ဒါဟာ psychotherapy တစ်မျိုးပဲ။ ဗောဇ္ဈင်သုတ် နာရတာနဲ့ ရောဂါပျောက်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ကြတယ်။ ဗောဇ္ဈင်သုတ်နာရင် ဗုဒ္ဓမြတ်စွာလက်ထက်တုန်းကလက်ဝဲရံ ဖြစ်တော်မူတဲ့ ဒုတိယသာဝက အရှင်မဟာမောဂ္ဂလာန် အထေရ်မြတ် မကျန်းမမာ ဖြစ်တော်မူတယ်။ ရဟန္တာ ဆိုပေမဲ့လည်း သွေးနဲ့သားနဲ့ကိုယ်ဆိုတော့ ရော ဂါဖြစ်တဲ့အခါဖြစ်တာပဲ။အပူအအေးရဲ့ ဒဏ်နဲ့ ဓာတ်လေးပါး မညီမျှမှုကြောင့် ရောဂါဝေဒနာဖြစ်တယ်။ ဒီလို မကျန်းမမာရောဂါဝေဒနာ ဖြစ်တဲ့ အခါမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွပြီး ဗောဇ္ဈင်သုတ်ကို ဟောကြားပေးတော်မူတယ်။ အရှင်မဟာမောဂ္ဂလာန်ဟာ မြတ်စွာဘုရားဟောကြားတဲ့ ဗောဇ္ဈင်သုတ် တရားကို တရိုတသေနာရင်းနဲ့ ဆေးသောက်စရာမလိုဘဲ ရောဂါပျောက်သွားတယ်လို့ ဆိုတယ်။ ပျောက်သွားတာမှ တစ်ခါတည်း ပျောက်သွားတာတဲ့။ ဒီရောဂါမျိုး နောက်ထပ် မပေါ်ဘူး။ ဒိပြင် ရောဂါ တော့ ပေါ်ချင်ပေါ်မှာပေါ့နော်။ ❖အခုခေတ် ဖေါ်စပ်တဲ့ ဆေးဝါးတွေမှာ ဘေးထွက် ဆိုးကျိုးလို့ခေါ်တဲ့ side effect တွေရှိတယ်။ chemical နဲ့လုပ်ထားတဲ့ ဆေးဝါးတွေဟာ ပိုပြီး side effect တွေများလို့ ယခုခေတ် ဆေးပညာရှင်တွေ က ကမ္ဘာဦးက စခဲ့တဲ့ ဆေးပညာဘက်ကိုဦးလှည့်လာတယ်။ ဒါက အာယုဗ္ဗေဒနည်းနော်၊ herbal medicine နဲ့ကုသဖို့ စိတ်ဝင်စားလာကြတယ်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့အတိုင်း နွယ် မြက်သစ်ပင်တွေကို ရှာဖွေ သုတေသနလုပ်ပြီး ဖေါ်စပ်တဲ့ဆေးနဲ့ ကုသတဲ့နည်းတွေ အခုပြန်လည်နိုးထ လာပြီးတဖြည်းဖြည်း ခေတ်စားလာတယ်။ ဘာဖြစ်လို့တုန်းဆိုရင် chemical နဲ့ဖော်စပ်ထားတဲ့ ဆေးတွေဟာ side effect တွေများလို့ ဖြစ်တယ်။ အဲဒီဆေးတွေက မူလရောဂါတော့ ပျောက်ပါရဲ့၊ နောက်ထပ် ရောဂါတစ်မျိုးပေါ်လာစေပြန် တယ်၊ နောက်ထပ်ပေါ်လာတဲ့ရောဂါကိုတစ်ခါ ဆေးတစ်မျိုးနဲ့ ကုရပြန်တယ်။ ❖အဲဒီဆေးက တစ်ဖန် နောက်ထပ် ရောဂါအသစ်တစ်မျိုးကိုမွေးဖွားပေးလိုက်ပြန်ရော။ အဲဒီလိုနဲ့ “ဂျာအေးသူ့အမေရိုက်”ဆိုတဲ့ သီချင်းလိုပဲ “၀ိုင်းကြီး ပတ်ပတ်ဒူဝေေ၀” ဖြစ်နေတာပေါ့၊ ဆုံးကို မဆုံးနိုင်တော့ဘူး။ အေး ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာကိုမေ့ထားလို့ မသင့်ပေဘူးပေါ့။ မြတ်စွာဘုရား လက်ထက်က psychotherapy ဆိုတဲ့ အခေါ်နဲ့ မဟုတ်ပေမဲ့လို့ ခုနက ဗောဇ္ဈင်သုတ် ဟောတာ နာကြားလိုက်ရလို့ ရောဂါပျောက်သွားတယ်ဆိုတာ psychotherapy ပဲ။ စိတ်ဓာတ်ရေးရာ ကို ပြုပြင်ပေးတာနဲ့ ရောဂါသေဒနာ ပျောက်တယ်တဲ့ ။ဒီနည်းနဲ့ အရှင်မဟာမောဂ္ဂလာန် ရောဂါ ပျောက်သွားတယ်။ ❖တစ်ခါက အရှင်မဟာကဿပလည်း ပိပ္ပလိလိုဏ်ဂူထဲမှာ မကျန်းမမာ ဖြစ်နေတယ်။ ဆွမ်းခံ မကြွနိုင်ဘူး၊ ‘အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော’တဲ့။ အာဗာဓိကော ဆိုတာ တစ်ကိုယ်လုံးနာကျင် ကိုက်ခဲပြီးတော့နေတယ်။ ဗာဠှဂိလာနော အပြင်းအထန် နေမကောင်းဖြစ်နေတယ်။ အဲဒီလို အပြင်းအထန် နေမကောင်းဖြစ်လို့ ဒုက္ခိတော ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ မြတ်စွာဘုရားကိုယ် တိုင် ကြွသွားပြီးတော့ ရောဂါ အခြေအနေမေးမြန်းပြီး ဗောဇ္ဈင်သုတ်ကို ဟောတော်မူတယ်။ ဗောဇ္ဈင်သုတ်ကို နာရင်း အရှင်မဟာကဿပဟာဆေးမသောက်ရဘဲနဲ့ပျောက်သွားဖူးတယ်တဲ့ နော်။ ဆရာတော်အရှင်နန္ဒမာလာဘိဝံသ ‪#‎AshinNandamalabhivamsa‬ www.drnandamalabhivamsa.com.mm "ရောဂါကုစား စိတ်စွမ်းအား"တရားဒေသနာမှ။

လူ့ ဘဝ"


  • *သဘောအမှန်လောကဓံတည်
  •     ဖြစ်ပြန်ပျက်ရ လူ့ ဘဝမို့ 
  •         သုခဒုက္ခ ကြုံတွေ့ရမည်။
  •           *ကြောင်းကျိုးအမှန် ကုသိုလ်ကံကြောင့်
  •                  ခံစားစံစား ညဏ်နှင့်ပွားပြီး
  •                      အများကောင်းကျိုး ကိုယ်ကောင်းကျိုးကို
  •                             သယ်ပိုးပါမှ အနေလှ၍

ဒါနသီလ မျိုးစေ့လှမည်။
*အကုသိုလ်တိုး ကြမ္မာဆိုးကြောင့်
မိုးမှောင်ကာလ စိတ်ညစ်ရသည်
ဘဝဖောက်ပြား ဆင်းရဲများ၍
ခံစားပြန်ရလူ့ ဘဝ။

                                                                                        ရေးသူ-သွယ်သွယ်လှိုင်      

Saturday, February 6, 2016

လန်းဆန်းပါစေ

မင်္ဂလာမနက်ခင်းလေးပါ
                  သာယာပျော်ရွှင်နိုင်ပါစေ

Friday, February 5, 2016

မင်္ဂလာမနက်ခင်းလေးပါ
                             ကြည်လင်လန်းဆန်းစွာနိုးထနိုင်ပါစေ

ဗုဒ္ဓ

      မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏ လို့...အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊   ဒါက...  သားအတွက် ဆောက်တည် တာပါ ဆိုပြီးတော့ ၀မ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။ ကြည်ညိုစရာပါ။ အတုယူစရာပါ။       သားရတနာ၊ သမီးရတနာ မမွေးမီကတည်းက သရဏဂုံ ဆောက်တည်လို့  ရပါတယ်။ ဒီလို သဘောတွေက ဗုဒ္ဓအဆုံးအမ စာထဲပေထဲမှာ အတိအကျပါပါတယ်။ သရဏဂုံ ဆောက်တည်တာ စကားအသံအထွက် အနေနဲ့ ပီတာမပီတာ ခဏထား၊  စိတ်ဓါတ်က သက်ဝင်ဖို့ အရေးကြီးတယ်။ အမေရဲ့ စိတ်ဓါတ်စွမ်းအားနဲ့  သားကို ရည်မှန်းပြီး သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်ပါတယ်။       ဒီအမေနဲ့ ဒီသားဟာ ချက်ကြိုးနဲ့ ဆက်နွယ်နေတာပဲ။ တစ်ဦးနဲ့တစ်ဦး အကုန်သိနေပါတယ်။ အမေ့စိတ်ဓါတ် သားဆီရောက်တယ်၊ သားစိတ်ဓါတ် အမေ့ဆီရောက်တယ်။  အဲသလို ဘုရားရှင် ရဲ့ ထံမှောက်မှာ သရဏဂုံ ဆောက်တည်ထားတဲ့ သားဟာ မွေးဖွားပြီး လူ့ပြည်ရောက်လာတယ်။ ရင်ခွင်ပိုက်တဲ့ နို့စို့အရွယ် မှာလည်း မိဘနဲ့ ဒီသားက ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ပြီး သရဏဂုံသီလ  ဆောက်တည်ပြန်ပါတယ်။       အမှန်တော့ ဒီကလေးက သရဏဂုံသီလကို ပီပီသသ မရွတ်ဆိုနိုင်ပါဘူး။ အမေလုပ်တဲ့သူက ကလေးအတွက် ရည်ရွယ်ပြီး သရဏဂုံသီလကို တစ်ခါ ဆောက်တည်ပြန်ပါတယ်။ ၀မ်းကြာတိုက်  မှာကတည်းက သရဏဂုံသီလ ဆောက်တည်ခဲ့တဲ့  ဗောဓိကုမာရ မင်သား။ ။  နို့စို့အရွယ် စကား   မပြောတတ်ကတည်းက သရဏဂုံ ဆောက်တည်ခဲ့တဲ့ မင်းသားဟာ ဘုရားနဲ့တွေ့ပြီး သူကိုယ်တိုင် သရဏဂုံသီလကို ဆောက်တည်တတ်တဲ့ အခါ  ကျတော့လည်း သရဏဂုံသီလကို တစ်ခါထပ်ပြီး ဆောက်တည်ပြန်ပါတယ်။  “အဇ္ဇတဂ္ဂေ ပါဏုပေတံ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊”  ယနေ့မှစ၍ အသက် ထက်ဆုံး ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏.. ဘုရား။  ဒီသီလမျိုး ဒီသရဏဂုံမျိုးက တစ်ခါပဲ ဆောက်တည်ရတာပါ။ တစ်သက်လုံးအတွက် တစ်ခါပဲ ဆောက်တည် သွားတာပါ။       အမိဝမ်းထဲမှာ ရှိစဉ်က အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ပတ်ဝန်းကျင်က ဒီသား၊ ဒီသမီးတွေ အပေါ်  သြဇာ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒီသြဇာသက်ရောက်မှုတွေဟာ  ဘယ်  လောက် အရေးကြီးသလဲဆိုရင် ဒီ ဗောဓိကုမာရ မင်းသားအကြောင်းကို သက်သေထားကြည့်ပါ။ ဒီ  ဗောဓိကုမာရ မင်းသားရဲ့ ဘ၀အကြောင်း  စိတ်ဝင်စားစရာ၊  အတုယူစရာ ကောင်းပါတယ်။ သူတော်ကောင်းတို့လည်း  မိမိရင်သွေး သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်လာစေဖို့ အတွက် ကိုယ်ဝန်ဆောင်စဉ် အခါကပင် သရဏဂုံဆောက်တည် ပေးထားသင့်ကြောင်း အသိပေး တိုက်တွန်းလိုက်ရ ပါသတည်း။ ။ {  ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း     အပိုင်း(၁) တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}      (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်    သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)          ဦးသိန်းဝေ။             https://www.facebook.com/thein.wai.167            http://www.facebook.com/damanadi.tk           http://www.damanady.tk/

ရပ်တန်းကရပ်ဖို့အချိန်တန်ပြီ

-လူတွေ တစ်နေ့ထက်တစ်နေ့ ....

  • စိတ်တွေတိုလာကြတယ်
  • မိန်းခလေးတွေ
  •  ဆံပင်တွေတိုလာကြတယ်
  • လုံချည်စကပ်တွေတိုလာကြတယ်
  • သ၀န်တွေပိုပိုတိုလာကြတယ်
  • ပေးကမ်းစွန့်ကြဲလှူဒါန်းဖို့တွန့်တိုလာကြတယ်
  • အိမ်သားအချင်းချင်းတောင်အလစ်ပပေးရဲဘူးတိုလာကြတယ်
  • အရပ်အမောင်းတွေတို သလိုသက်တမ်းတွေလည်းတိုလာကြတယ်
  • သီချင်းတွေလည်းတိုလာကြတယ်
  • ၀န်တိုတာတွေကလည်းတိုသထက်တိုလာကြတယ်
  • ဈေးသည်တွေကလည်းအလေးတင်းတောင်းတိုလာကြတယ်

                                                                           panchitthu

Blog Archive

we are social

recent posts

latest tweets

random posts

About us

recent posts

random posts

three columns

Text Widget

Sample Text

grids

cars

like us on facebook

Pages