Showing posts with label 1. Show all posts
Showing posts with label 1. Show all posts

Saturday, July 1, 2017

အရဟံ

အရဟံ= လွန်ကဲထူးမြတ်သော သီလဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ်
ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်ပြည့်စုံတော်
မူသောကြောင့်လူ နတ် ဗြဟ္မာ သတ္တ၀ါ
အပေါင်းတို့၏ပူဇော်အထူးကိုခံယူတော်
မူထိုက်ပေသောမြတ်စွာဘုရား။
အရဟံ= ၀ါသနာနှင့်တကွတစ်ထောင့်ငါးရာကိလေ
သာအညစ်အကြေးတို့မှကင်းဝေး
စင်ကြယ်တော်မူပေသောမြတ်စွာဘုရား။
အရ ဟံ= လောဘ ဒေါသ မောဟအစရှိသော ကိလေ
သာရန်သူတို့ကိုပယ်သတ်တော်မူပြီး
မြတ်စွာဘုရား။
အရ ဟံ= သံသရာစက်၏အထောက်အပံ့တို့ကိုချိုးဖျက်
တော်မူပြီးသောမြတ်စွာဘုရား။
အ ရဟံ= မျက်မှောက်မျက်ကွယ်အချင်းခပ်သိမ်းစင်ကြယ်
၍ဆိပ်ကွယ်ရာမရှိတော်မူသောမြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ=သစ္စာလေးပါးခပ်သိမ်းသောတရားတို့
ကို သူတစ်ပါးထံနည်းမခံပဲ ကိုယ်တိုင်ဉာဏ်
ဟုန်အစွမ်းဖြင့်စူးစမ်းရှာဖွေကာမှန်ကန်စွာသိ
တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာစရဏသပ္ပန္နော=၀ိဇ္ဖာမည်သောဉာဏ်ထူးသုံးပါး၊ဉာဏ်
ထူးရှစ်ပါး၊စရဏမည်သော အခြေခံအကျင့်တရား ဆယ့်ငါးပါးတို့နှင့်ပြည့်စုံတော်မူပေသော
မြတ်စွာဘုရား။
သုဂတော=သတ္တ၀ါတို့အားအကျိုးများကြောင်းဟုတ်မှန်သော စကားကောင်းကိုသာ ပြောဆိုတော်မူ
တတ်ပေသာမြတ်စွာဘုရား။
သုဂတော=မဂ္ဂင်ရှစ်ဖြာတင့်တယ်တော်အမူအရာဖြင့်ကောင်း စွာသွားခြင်း ကောင်းစွာ ဖြစ်ခြင်းရှိတော်မူသော
မြတ်စွာဘုရား။
လောက၀ိဒူ=လောက၏အကြောင်းအရာအလုံးစုံကိုအကုန်
အစင်သိမြင်တော်မူပေသောမြတ်စွာဘုရား။
အနုတ္တရော=အမြင့်မြတ်ဆုံးဖြစ်သော သလဂုဏ်သမာဓိဂုဏ်
ပညာဂုဏ်ဝိမုတ္တိဂုဏ်
ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်ပြည့်စုံတော်
မူသောကြောင့်လောကဓာတ်အလုံး အမြတ်ဆုံး
ဖြစ်တော်မူပေသောမြတ်စွာဘုရား။
ပုရိသဓမ္မသာရထိ=ယဉ်ကျေးလိမ္မာပညာအသိမရှိကြသေး
မပြုကြသေး၍ဆုံးမပေးထိုက်သောပုဂ္ဂိုလ်တို့အား
ယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်ဆုံး သွန်သင်တော်မူတတ်ပေသောမြတ်စွာဘုရား။
အနုတ္တရော ပုရိသဓမ္မသာရထိ=ဆုံးမထိုက်သောပုဂ္ဂိုလ်တို့
အားညွှန်ကြားသွန်သင်ပဲ့ပြင်ဆုံးမမှုအတုမရှိအမြတ်
ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရား။
သတ္ထာဒေ၀မနုဿာနံ=ချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြ
ဆုံးမတော်မူတတ်၍ လူနတ်တို၏ဆရာမြတ်အစစ်
ဖြစ်တော်မူပေသောမြတ်စွာဘုရား။
ဗုဒ္ဓေါ=တရားအလုံးစုံကိုအကုန်အစင်သိတော်မူသောမြတ်စွာ ဘုရား။
ဘဂ၀ါ=ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
တန်ခိုးတော်အနန္တတို့နှင့်လုံးဝဥဿုံပြည့်စုံတော်
မူပေသောမြတ်စွာဘုရား။
အရဟံ ကိုးပါးသောဂုဏ်တော် ဆယ်ပါးသော
ဂုဏ်တော် အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်
ပြည့်စုံတော်မူငြားသဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်
တော်သည်ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ဖူးမျှော်မာန်
လျှော့ ကန်တော့ပါ၏ မြတ်စွာဘုရား။

Tuesday, June 28, 2016

မြန်မာ့အလှ

မြန်မာဆန်မှ မြန်မာအလှ ဖြစ်မည်မို့ သတိလေးတော့ ထားစေချင်

ကျွန်တော်ကတော့ မြန်မာလူမျိုး တစ်ဦးပါ။ မြန်မာပီသတဲ့ ဘယ်မြန်မာကို မဆို လေးစားတန်ဖိုး ထားပါ တယ်။ မြန်မာပီသတာကို အရမ်းသဘောကျတတ်တဲ့ ကျွန်တော့်အတွက် အံ့သြသင့်စရာ အကောင်းဆုံး မြင် ကွင်းတွေကို မြင်လိုက်တာမို့ ဒီစာကို ရေးပေးလိုက်ခြင်းပါ။ အာဖရိက ဘုန်းကြီး ဒက်စမွန် တူးတူးနဲ့ ဒေါ်အောင်ဆန်းစုကြည်။ ================================ဒူးထောက်စေရန် ၀တ်ရုံကြီး ခြုံခဲ့သလားကမ္ဘာကတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လို့ ပြောကြမယ်။ ဘာသာတရားတွေ အနေနဲ့ကြည့်ရင် သူက ဘုန်းကြီး ပေါ့။ ငြိမ်းချမ်းရေးကို ဆောင်ရွက်တယ် ဆိုပေမယ့် ထာဝရ ဘုရားသခင်တွေ၊ ကယ်တင် ရှင်တွေ ဆိုတဲ့ အယူအဆနဲ့ ကြည့်ရင် အာဖရိကကြီးဟာ အယူ တိမ်းနေသူပါပဲ။ လက်မှာလည်း အကွင်းတွေဝတ်၊ လက် စွပ် ကြီး တပြောင်ပြောင်နဲ့ လက်ဝါးကပ်တိုင်ကြီးကို ချိတ်ပြီး ပန်းရောင်ဝတ်စုံကြီး ၀တ်လာတော့ ဒေါ်အောင် ဆန်း စုကြည် က ဒူးထောက် ဦးညွှတ်တယ်။ အာမင် ပုံစံ လုပ်တယ်။ သြော်..ဘုန်းကြီးလို့ သဘော ထားတာ နေ မှာပေါ့လို့ တွေးမဆုံးခင် အဲဒီဘုန်းကြီးဆိုသူက ၈၈ ရုံးခန်း ကို ရှပ်အင်္ကျီနဲ့ ရောက် သွားပြန်ရော။ ဒူးထောက်ပြီး အခြားဘာသာလို ကန်တော့နေတာ၊ ကုလားထိုင်မှာ ထိုင်ပြီး လက်သီးလေး ဆုပ် လို့ သြ၀ါဒ ခံနေတာတွေကို ကြည့်ပြီး ဘယ်လို ခံစားမိမှန်းတောင် မသိတော့ဘူး။ မြန်မာဟာ မြန်မာ မ ဟုတ်လား။ နောက် သိပ်မကြာခင် ထပ်တွေ့တယ်။ သွားလေရာမှာ ပုဝါစကြီးကို လည်ပင်းမှာ နောက်ပြန်ပတ်ပတ် သွားနေ တာလေ။ အဆိုးဆုံးက လွှတ်တော်ထဲ မှာတောင်မှ ပုဝါစကြီး နောက်ပြန်ပတ်ပြီး အဆိုတွေ ဆွေးနွေးနေေ သး တယ်။ မြန်မာ မိန်းကလေး မှန်သမျှ ပုဝါကို နောက်ပြန် ပတ်တာ တစ်ခါမှ မမြင်ဖူး ပါဘူး ဗျာ။ ခန့်ထည်မှု၊ လှပမှု တစ်ခုအနေနဲ့ သုံးတဲ့ ပုဝါကို အရှေ့လေးမှာချပြီး သိမ်မွေ့တဲ့ မြန်မာတွေကို မြင်ရာ ကနေ အခုတော့ ကုလားမ တွေ ဆာရီပတ်သလို အမူအကျင့်တွေက လွှတ်တော်ထဲ အထိတောင် ရောက် ကုန် ပါပေါ့လား။  ဒီလို ဒီလိုဒီလိုတွေဟာဒီလို ကုလားမတွေ ၀တ်တာပါ။ဒီမင်းသမီးတွေဆီက သင်ပါအုံး မြန်မာ ၀တ်စုံနဲ့ ကတ္တီပါ ဒေါက်မြင့်လေးဟာ မြန်မာသင်္ကေတ ဖြစ်ပေမယ့် မြန်မာဝတ်စုံနဲ့ လေဒီရှုးကတော့ ဟို မရောက် ဒီမရောက်လို့ ပြောလည်း ရပါတယ်။ ပိုပြီး ဆိုးတာက မြန်မာဝတ်စုံက ပုဝါကို ကုလားလို ပတ်ပြီး စ တိုင်သစ် လုပ်နေတာ မကြာခင် မြန်မာစတိုင်ဆိုတာ ဒီလို ဖြစ်တော့မှာမို့ ရေးလိုက်ရပါတယ် ဗျာ။ မောင်ရေး From:MEGwww.mmdailystar.com 1Myanmar Daily Star Group at 18:00tyy







Friday, February 19, 2016

ဘုရားဖူးသွားလျှင်
°°°°°°°°°°°°°°°
  ဘုရား​စေတီကိုဖူး​မြှော်​ခြင်းငှါသွား
ကုန်​​သောသူတို့သည် မိမိတို့​နေအိမ်​မှထွက်​သည်​မှစ၍လမ်းတစ်​​လျောက်​လုံးသားငယ်​ ​မြေးပုတို့နှင့်​အုတ်​အုတ်
ကျက်​ကျက်​မရှိ​စေပဲ
"ဗု​ဒ္ဓေါ ဗု​ဒ္ဓေါတိ ​​ဃော​သော အတိဒုလ္လဘတ​ရော၊ကာကထာ ဗုဒ္ဓ
ဘာ​ဝေါ ဟူ​သောနမက္ကာရအတိုင်း
"ဗု​ဒ္ဓေါ ဗု​ဒ္ဓေါတိ ​​ဃော​သော=ဘုရား ဘုရား ဟူ​သောအသံကိုပင်​၊
အတိဒုလ္လဘတ​ရော-အလွန်​ရခဲ၏၊
ဗုဒ္ဓဘာ​ဝေါ-ဘုရားအဖြစ်​ကို၊
ကာကထာ-အဘယ်​မှာဆိုဖွယ်​ရာစကားရှိ​ချေအံ့နည်း၊
အတိဒုလ္လဘတ​ရော ဧဝ-အလွန်​ရခလြှ​တော့သည်​သာတည်းဟု မိမိသွားမည့်​အရပ်​တွင်​ သက်​​တော်​ထင်​ရှားဘုရား
ရှင်​ကိုယ်​​တော်​မြတ်​ကြီးကို​ဖူး​တွေ့ရ​တော့မည်​အလားဝမ်းပါးရွှင်​ပြ ပီတိ​သောမနဿ နှင်​ယှဉ်​​သောစိတ်​ကို​ရှေ့ထား၍
ဘုရား ဖူးသွားကုန်​ရာ၏။

Friday, February 12, 2016

ဒုက္ခသုံးမျိုး

by thein wai
မနေ့ကပြုလုပ်သွားပါသည်။

ဒုက္ခ ဒုက္ခ။  ။ ကြာကြာဖိထိုင်၍ နာလာ၊ ကျင်လာ၊ ထုံလာ၊ ကိုက်လာခြင်းမျိုး၊ ရောဂါတစ်ခု
                ကြောင့် နာလာခြင်းမျိုးကို ခန္ဓာဒုက္ခပေါ် နောက်ထပ်ဒုက္ခထပ်၍ဆင့်သောကြောင့်
                ဒုက္ခ ဒုက္ခဟုခေါ်ပါသည်။
ဝိပရိနာမ ဒုက္ခ။  ။ အရွယ်ကြီးပြင်းလာ၍ ဆံဖြူ၊ သွားကျိုး၊ ပါးရေတွန့်ခြင်း စသည်တို့သည် ငယ်
                 ရုပ်အမူအယာမှ ကြီးရုပ်အမူအယာသို့ ပြောင်းလဲသွားကြောင့် ၀ိပရိနာမ ဒုက္ခဟု
                 ခေါ်ပါသည်။
သင်္ခါရ ဒုက္ခ။  ။ နာမ်တရားနှင့် ပရမတ်တရားတို့၏ နိဗ္ဗာန်မရမချင်း ဘ၀အဆက်ဆက် ထရစပ်
                မရပ်မနား ဖြစ်ပျက်ပြီး နှိပ်စက်နေခြင်းကို သင်္ခါရ ဒုက္ခဟုခေါ်ပါသည်။ ဒုက္ခ ဒုက္ခ
                နှင့် ၀ိပရိနာမ ဒုက္ခကို ပညတ်ဒုက္ခဟု ခေါ်သည်။ ၄င်းတို့ကို ရှုခြင်းဖြင့် ၀ိပဿနာ
                မဖြစ်၊ သံဝေဂသာရနိုင်သည်။ သင်္ခါရ ဒုက္ခကို ပရမတ်ဒုက္ခဟုခေါ်သည်။ ၄င်းကို
                ရှုမှသာ ၀ိပဿနာ ဖြစ်ပါသည်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်

Friday, February 5, 2016

ရပ်တန်းကရပ်ဖို့အချိန်တန်ပြီ

-လူတွေ တစ်နေ့ထက်တစ်နေ့ ....

  • စိတ်တွေတိုလာကြတယ်
  • မိန်းခလေးတွေ
  •  ဆံပင်တွေတိုလာကြတယ်
  • လုံချည်စကပ်တွေတိုလာကြတယ်
  • သ၀န်တွေပိုပိုတိုလာကြတယ်
  • ပေးကမ်းစွန့်ကြဲလှူဒါန်းဖို့တွန့်တိုလာကြတယ်
  • အိမ်သားအချင်းချင်းတောင်အလစ်ပပေးရဲဘူးတိုလာကြတယ်
  • အရပ်အမောင်းတွေတို သလိုသက်တမ်းတွေလည်းတိုလာကြတယ်
  • သီချင်းတွေလည်းတိုလာကြတယ်
  • ၀န်တိုတာတွေကလည်းတိုသထက်တိုလာကြတယ်
  • ဈေးသည်တွေကလည်းအလေးတင်းတောင်းတိုလာကြတယ်

                                                                           panchitthu

we are social

recent posts

latest tweets

random posts

About us

recent posts

random posts

three columns

Text Widget

Sample Text

grids

cars

like us on facebook

Pages